တစ်နေ့ တာအတွက်
အဖွဲ့ လိုက်
/ တစ်ယောက်ချင်း
ပျံသန်းနေကြရ
၊
ချစ်တဲ့လူတွေရှိသလို
အနားမကပ်ချင်တဲ့
လူတွေလည်း ရှိကြမှာပဲ ၊
အရောင်အဆင်းတောက်ပလည်း
စားရမှာ
ဒီနို့ ဆီခွက်ထဲက
ဒီပြောင်းဖူးစေ့ပါပဲ ၊
ရန်ကုန်မြို့ မှ
ခိုများ လွတ်မြောက်ပါစေသား
။
အကောင်အရေအတွက်ဟာ
တစ်နှစ်ထက်တစ်နှစ်
ထူထပ်လာ/
သိပ်သည်းလာ ၊
ပျံသန်းပုံ
/ အသက်ရှူပုံ ခြင်းတူတာတောင်
အထာနပ်တဲ့
ပုဂ္ဂိုလ်က သာရာမှာပဲ
နားခိုကြ
၊
တက်နင်းမယ့်လူ
/ ဒုက္ခပေးမယ့်လူ ရှိရင်လည်း
ထွက်ပြေးပျံသန်းကြရတာ
အမောတကော
၊
သင့်တော်ရာကို
ချောင်းမြောင်းရင်း
ကိုယ်ဝမ်းစာ
ကိုယ်ကိုတိုင်
ဖြည့်တင်းနေကြရ
၊
ရန်ကုန်မြို့ မှ ခိုများ
လွတ်မြောက်ပါစေသား
။
အ၀င်အထွက်
မညီမျှပေမယ့်
အသက်တစ်ချက်
ဆက်လက်ခုန်နိုင်အောင်
အဓိပ္ပါယ်မရှိသော်လည်း
မျော်လင့်ချက်မဲ့နေ
့တွေ
ဆက်လက်ဖိတ်စင်
ပေဦးမည်ပေါ့ ၊
အရာအားလုံး
မဖွံ့ ဖြိုးတော့ရင်တောင်
ကိုယ့်အသက်ရှူပေါက်
၊
ကိုယ့်အတောင်ပံများဖြင့်
ငြိမ်းချမ်းစွာ
လွတ်လပ်ပျံသန်းခွင့်ရပါစေ
၊
ရန်ကုန်မြို့ မှ ခိုများ
လွတ်မြောက်ပါစေသား
……..။ ။