ငါ့မှာ
ထွေထွေ ထူးထူး
လုပ်စရာ မရှိပါဘူး
နှိုးစက် မြည်မယ်
အိပ်ယာထမယ်
ဘတ်စ်ကားကြပ်ကြပ်ကြီး စီးပီးတော့
အလုပ်သွားမယ်
အလုပ်မှာလည်း ယောင်ချာချာနဲ့ ပေါ့
ပြီးတော့
ဘတ်စ်ကားကြပ်ကြပ်ကြီး စီးပီး
အိမ်ပြန်မယ်
နှိုးစက်ချမယ်
အိပ်ယာခင်းမယ်
အိပ်မယ်
ငါ့မှာ
ထွေထွေ ထူးထူး
လုပ်စရာ မရှိပါဘူးကွယ်
မင်းကို သတိရနေတာက လွဲလို့ ပေါ့.........
ဍယင်ကောက်
မန်းလေးမှာတော့ ဆိုင်ကယ်ကြပ်ကြပ်ပေါ့ လေ.။.အဲဒါပဲ ကွာခြားတယ်...
ReplyDelete