Sunday, April 22, 2012

ဖိနပ် နှင့် ဦးထုပ်


ဖိနပ်ဆိုတာ
ဆောင်းဖို့ မှ မဟုတ်တာ
ဦးထုပ်ဆိုတာ
စီးဖို့ မှ မဟုတ်တာ
သေချာပါတယ်။    

ဒါပေမယ့်
ဖိနပ်ဟာ
အတ္တ ဆိုရင်
ဦးထုပ်ဟာ
ခြေထောက်နဲ့  တစ်သားတည်း …..

ဦးထုပ်ဟာ
မေတ္တာ ဆိုရင်
ဖိနပ်ဟာ
ဦးခေါင်းနဲ့  တစ်သားတည်း ….

ဒါဆိုရင်
ဖိနပ်ဆောင်းပြီး
ဦးထုပ်စီးသူတွေကြား
ငါ ရူတဲ့ လေဟာ
အောက်ဆီဂျင် ဟုတ်ပါ့မလား
စဉ်းစားရ ခက်တယ်။                  

                                  ဍယင်ကောက်

No comments:

Post a Comment