Friday, April 6, 2012

ရုပ်သေးကကွက်များ


နှလုံးသားထဲက
ယဉ်ကျေးမှုဒဿနကို
ဘယ်တိုင်းပြည်မှာမှ
ချမပြချင်ခဲ့ဘူး
အချစ်နတ်ဘုရား
မပွင့်ထွန်းခင်က
ပွင့် ထွန်း ခင် က......

မင်းရဲ့
ကျောက်ဖြစ်ရုပ်ကြွင်းများ
သီပေါမင်း အပြုံးများ
တရားနာလာကြကုန်သော ပရိတ်သတ်များ

မင်းရဲ့
ဒိုးယိုပေါက်များ
နှင်းဆီစစ်ပွဲများ
ချန်လှပ်ထားခဲ့သော ဂူပုထိုးတော်များ

ဆပ်ပြာပူဖေါင်းလို
ဖောင်းခနဲ ပေါက်ကြ
ဖောင်း   နဲ ပေါက်  ကြ.......

ငါ့သာသနာရဲ့
ပန်းဒေသနာများစွာ
မင်းတိုင်းပြည်ရဲ့
လူမှုရေးဟာကွက်မှာ
နေလိုလလို ထွန်းပခွင့်ပေးလှည့်ပါ။     


                                                ဍယင်ကောက်

No comments:

Post a Comment