မလိုအပ်ပါဘူးလို့ 
ယူဆထားသမျှတွေ
အရေးတကြီး လိုအပ်လာခဲ့ပြီ။
လိုအပ်လာခဲ့ပြီ ဟေ့.....
“လိုအပ်လျှင် တွန့် တိုတက်၍
မလိုအပ်လျှင် ရက်ရောလှသော
အဆိုပါ အမျိုးသမီး၏ အလှကြောင့်
ကမ္ဘာလောကကြီး ပျောက်ဆုံးသွားခြင်း“
ဆိုတော့ကား
လောကကြီးနဲ့  ပျော်ပိုက်နေတဲ့
ငါလိုလူတစ်ယောက်
လောကကြီးပျောက်သွားတော့
“လိုအပ်ပြီပေါ့
လို အပ် ခဲ့ ပြီ ပေါ့“
ဓာတ်ကြိုးတန်းမှာ
အပြွတ်လိုက်သီးနေတဲ့ ခိုတွေ
ဝုန်းခနဲ့  ထပျံ
ပြောင်းဖူးစေ့တွေ ပက်ကျဲ
လိုအပ်နေတာကို မြိုသိပ်ရပြီ။ ။
ဍယင်ကောက်
ဍယင်ကောက်
No comments:
Post a Comment